ITPEC Subject B ကို တစ်ခါတည်း အအောင်ဖြေနိုင်ဖို့ ဘာတွေလုပ်ရမှာလဲ?
❗️ ITPEC FE ဟာ လူ 100 ဖြေရင် 62 လောက် ကျရှုံးကြတဲ့ စာမေးပွဲဖြစ်ပါတယ်
ပြီးခဲ့တဲ့ 2026 April Exam data အရဆိုရင် ဒီမြန်မာမှာ လူ 809 ဖြေတာမှာ 303 ပဲအောင်တာပါ အောက်ချက် 37.5% လောက်ပဲရှိပါတယ်
Subject A ကိုတော့ ကျောင်းသားတိုင်းနီးပါ အဆင်ပြေကြပေမဲ့ အဓိက အဆင်မပြေကြတာတော့ Subject B - PM ပိုင်းပေါ့
💡အဓိက ကျရှုံးရတာကတော့ ဒီသုံးချက်ကြောင့်ပါ
(1) Textbook တခုပဲ ကြည့်၍ Subject B PM ဖြေချင်း (2) ဘာကို လေ့လာရမှန်း သေချာ မသိချင်း (3) သိရင်တောင်မှ လုံလောက်စွာ မလေ့ကျင့်ခဲ့ခြင်း ဒါတွေကြောင့် ဖြစ်ပါတယ်
1️⃣ Subject B ဟာ Textbook တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး
Textbook မှာက အခြေခံ ပိစိပေါက်စနေလေးပဲပါပါတယ်
ဒါကြောင့် လေ့လာသူအနေနဲ့ ဒီမှာပြထားတဲ့ scope တွေကို cover ဖြစ်အောင် သေချာလေ့လာဖို့ လိုအပ်ပါတယ်
2️⃣ လေ့လာသူတစ်ယောက်အနေနဲ့ Foundation တခုကစလို့ စဉ်းစားတွေးခေါ်တတ်ပြီးဖြေဆိုနိုင်ဖို့ သင်ရိုးနဲ့ တကွ စနစ်တကျလေ့လာဖို့ လိုအပ်ပါတယ်
မြင်သမျှအကုန်လေ့လာရင် အချိန်ကုန် မထိမရောက်ဖြစ်နေမှာဖြစ်ပြီး လုံလောက်စွာ မလေ့လာထားရင်လဲ စာမေးပွဲအောင်မြင်မှာမဟုတ်ပါဘူး တိကျနဲ့ လေ့လာမှုတခုရှိဖုိ့လိုအပ်ပါတယ်
အကယ်၍ လေ့လာချင်တယ်ဆိုရင် ကျနော် ပညာဒါနသင်ထားတဲ့ ဒီလ့င်ကနေတဆင့် မေးခွန်းဟောင်းတွေလေ့ကျင့်ကြည့်ပါ စဉ်းစားတတ်လာပါလိမ့်မယ်
3️⃣ စဉ်းစားတွေးခေါ်တတ်တယ်ဆိုရင်တောင်
မေးခွန်းတပုဒ်ကို ၅ မိနစ်ဝန်းကျင်မှာ အဖြေထွက်နိုင်အောင်ဖြေဖို့ဆိုတာက စနစ်တကျလေ့ကျင့်ထားဖို့လိုအပ်ပါတယ် ဒါဟာ မေးခွန်းမြင်တာနဲ့ ဘာကိုမေးထားပြီး ဘာလုပ်ရမယ်ဆိုတာ တန်းသိနေရမဲ့ အနေအထားတခုအထိ Mastery ဖြစ်ရမယ်လို့ဆိုလိုတာပါ
ဒါကြောင့် မေးခွန်းဟောင်းတွေ Programming Language စစ်စစ်တွေနဲ့ လေ့ကျင့်ထားဖို့လိုအပ်ပါတယ်
❗️❗️❗️တလက်စတည်းသတိပေးချင်တာကတော့ ဖြေဆိုဖို့ရက်က သိပ်မလိုတော့ပါဘူး ဒါကြောင့် အခုက စပြီး Serious ဖြစ်ကြပါတော့လို့ သတိပေးချင်ပါတယ်
အကယ်၍ ကိုယ်က Subject B အားနည်းတယ် စနစ်တကျဖြေဆိုချင်တယ်ဆိုရင် အခြေခံဘာမှ မသိတဲ့အဆင့်ကနေ စာမေးပွဲ အေးဆေးဖြေဆိုနိုင်သည့်
exam ready ဖြစ်သည်အထိ ေ့လကျင့်သင်ကြားပေးမဲ့ review နဲ့ feedback ကောင်းများစွာရရှိထားတဲ့ Fe Subject B PM Course ကို ဒီကနေ စုံစမ်းနိုင်ပါတယ်